Local News

အောင်လံကုန်စည်ဒိုင်တွင် တစ်ပတ်အတွင်း ပဲတီစိမ်းနှင့်ပဲကြီးစျေးများမြင့်တက်ကာပဲစဉ်းငုံနီ၊ကုလားပဲနှင့်ဘိုကိတ်ပြာစျေးများကျဆင်းလျှက်ရှိ

Last Updated:

အောင်လံကုန်စည်ဒိုင်တွင် တစ်ပတ်အတွင်း ပဲတီစိမ်းနှင့်ပဲကြီးစျေးများ မြင့်တက်ကာပဲစဉ်းငုံနီ၊ကုလားပဲနှင့် ဘိုကိတ်ပြာစျေးများကျဆင်းလျှက်ရှိ

ရက်စွဲ၂၄..၂၀၂၂

မကွေးတိုင်း‌ဒေသကြီး၊ အောင်လံကုန်စည်ဒိုင်တွင် တစ်ပတ်အတွင်းကာလတူ (၁၇.၈.၂၀၂၂)ရက် နေ့စျေးနှုန်းနှင့် နှိုင်းယှဉ်ပါက အရည်အသွေးနှင့် ဝယ်လိုအားကြောင့် ပဲတီစိမ်းနှင့် ပဲကြီးစျေးမြင့်တက်ကာ ပဲစဉ်းငုံနီ၊ ကုလားပဲနှင့် ဘိုကိတ်ပြာစျေးများ ကျဆင်းကာ အရောင်းအဝယ် ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။ ပဲတီစိမ်း (၂၀)ပိဿာ(၁)တင်းလျှင် ယခင်တစ်ပတ်တွင် (၄၉၀ဝဝ)ကျပ် ယခုတစ်ပတ် (၅၀၀ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၁ဝဝဝ)ကျပ်၊ ပဲကြီး(၂၀)ပိဿာ(၁)တင်းလျှင် ယခင်တစ်ပတ် တွင်(၇၂၀ဝဝ)ကျပ်၊ ယခုတစ်ပတ်တွင်(၇၅၀ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၃၀ဝဝ)ကျပ်စျေးတက်ကာ ပဲစဉ်းငုံနီ(၂၀)ပိဿာ (၁)တင်းလျှင် ယခင်တစ်ပတ်တွင်(၆၁၂ဝဝ)ကျပ်၊ ယခုတစ်ပတ် (၆၁၀ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၂ဝဝ)ကျပ်၊ ကုလားပဲ(HL) (၂၀)ပိဿာ(၁) တင်းလျှင် ယခင်တစ်ပတ်တွင် (၆၅၅ဝဝ)ကျပ် ယခုတစ်ပတ် (၆၂၅ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၃၀ဝဝ)ကျပ်၊ ကုလားပဲ(မြကြေး) (၂၀)ပိဿာ(၁)တင်းလျှင် ယခင်တစ်ပတ်တွင် (၆၄၅ဝဝ)ကျပ် ယခုတစ်ပတ်(၆၂၀ဝဝ)ကျပ်စျေး ဖြစ်သည့်အတွက် (၂၅ဝဝ)ကျပ်၊  ဘိုကိတ်ပြာ (၂၀)ပိဿာ(၁)တင်း လျှင် ယခင်တစ်ပတ်တွင်(၄၂၀ဝဝ)ကျပ် ယခုတစ်ပတ်(၄၁၀ဝဝ) ကျပ်စျေးဖြစ်သည့်အတွက်(၁၀ဝဝ)ကျပ်တို့အသီးသီးစျေးကျပြီးအရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။  ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန

 

Category: Local News